Sunday, June 20, 2010

ဓမ္မစေတီ ဆိုတာ ဘာလဲ

ဓမ္မစေတီ ဆိုတာ ဘာလဲ
ဒကာ။ ။ ဗုဒ္ဓသာသနာတော်မှာ လူနတ်တို့ ကိုးစားဆည်းကပ်စရာ ဓမ္မစေတီရယ်လို့ ပိဋကတ်တော်များ ၌ ပါရှိပါသလား ဆရာတော်၊ ဘာကိုခေါ်ပါသလဲ သိပါရစေ ဘုရား။

ဆရာ။ ။ ပါဠိတော်များမှာတော့ ကိုယ်တိုင်တိုက်ရိုက် မရှာဖွေ သတိမထားမိလို့ မတွေ့ဖူးသေးဘူး၊ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာမှာတော့….
ဗုဒ္ဓဂုဏံ ၀ါ ဓမ္မဂုဏံ ၀ါ သံဃဂုဏံ ၀ါ အဇ္ဈဝုဋ္ဌဿ
သရီရံပိ စေတိယဃရမိဝ ပူဇာရဟံ ဟောတိ။
ဘုရား တရား သံဃာဂုဏ်တော်များ ပွားထုံထားသူရဲ့ ကိုယ်ခန္ဓာဟာ ကိုးစားဆည်းကပ် ပူဇော်ထိုက်တဲ့ ဓမ္မစေတီလိုပါပဲတဲ့၊ ဓမ္မစေတီထိုက်တယ်လို့ ဆိုတာ တွေ့ဖူးတယ်၊ နောက် သာရတ္ထဒီပနီ ဋီကာဆရာ အရှင်မြတ်ကလည်း
ပဋိစသမုပ္ပါဒါဒိ လိခိတ ပေါတ္ထကေ
နိဓဟိတွာ ကတံ ပန ဓမ္မစေတိယံ နာမ။
ပဋိစ္စသမုပ္ပါဒ်စတဲ့ တရားတော်များကို ရွှေ ငွေ ပေ စသည်တို့မှာ ရေး၍ (ဋ္ဌာပနာ) ထည့်သိုထားသော အရာဝတ္ထူမျိုးဟာ ဓမ္မစေတီထိုက်ကြောင်း ပြဆိုထားတယ် ဒကာကြီးတို့ရ။
ဒကာ။ ။ အဋ္ဌကထာ ဋီကာဆရာများ၏ အမိန့်ကို မှတ်သားခံယူပါတယ် ဆရာတော်၊ သိပါပြီဘုရား။

No comments:

Post a Comment