နိဗ္ဗာန်ဟာ နိစ္စ သုခရှိနေတဲ့ အတ္တလော
ဒကာ။ ။ သည်လိုဆို အနှစ်သာရအခိုင်အမာ နိစ္စ သုခ သဘောကိုဆောင်ပြီး မပျက်မစီးဘဲ အမြဲတစေ ငြိမ်းအေးချမ်းသာနေတဲ့ နိဗ္ဗာန်တရားဟာ အတ္တမည်တာပေါ့ ဆရာတော်၊ ဘယ်လိုယူဆပါသလဲ။
ဆရာ။ ။ နိဗ္ဗာန်တရားမြတ်ဟာ နိစ္စ = မြဲသော၊ သုခ = ငြိမ်းအေး ချမ်းသာတာတော့ အမှန်ပဲ၊ ဒါပေမယ့် ဒကာကြီးတို့ ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ပစ္စည်း အတ္တဟုတ်ကဲ့လား၊ သူ့ကို အစိုးတရ ယူသုံးခံစားနိုင်သလား၊ အကယ်၍ ငါ့ဥစ္စာ ငါ့ဟာပိုင် အစိုးတရနေနဲ့ ဆွဲယူသုံးစားနိုင်တဲ့အတ္တဖြစ်ရင် အခုပဲ နိဗ္ဗာန်ကိုထုတ်ယူပြီး သုံးစွဲခံစား ပြစမ်းပါ ဒကာကြီးတို့၊ ဆရာတော် ကြည့်ချင်လို့ပါ၊ နောအတ္တ = ငါ့မဟုတ်လို့၊ န မေ သိယာ = ငါ့ဟာ မဖြစ်တာပေါ့၊ ဒါကြောင့် သဗ္ဗေ ဓမ္မာ အနတ္တာ လို့ ဟောထားလို့ မှတ်ရမယ်။
ဒကာ။ ။ မှန်ပါ့၊ သဘောပေါက်ပါပြီ ဆရာတော်။
No comments:
Post a Comment