ဗုဒ္ဓကိုယ်တော်မှာ ဂရုဂါရ၀ပြုစရာများ ရှိပါသေးသလား
ဒကာ။ ။ မြတ်စွာဘုရား၏ ဘဂ၀ါဂုဏ် ဘုန်းတန်ခိုးအရာ သူ့ထက်ကြီးမြတ်သူမရှိပါ၊ အတုလဂုဏ် တူသူပြိုင်သူ မပေါ်မရှိပါ၊ အနုတ္တရဂုဏ်တော် သူ့ထက်လွန်မြတ်သူ မရှိပါလို့ ဆိုထားတော့ကာ မြတ်စွာဘုရားရှင် ဂါရ၀ပြုစရာ ရိုသေလေးစားစရာများ ရှိပါသေးသလား ဆရာတော်၊ ရှိရင် သိပါရစေ ဘုရား။
ဆရာ။ ။ ရှိတယ် ဒကာကြီးတို့၊ ပဉ္စင်္ဂုတ္တရပါဠိတော် ၁၀၆၊ အဋ္ဌကထာ ၄၁ မှာ “ဓမ္မ ဂရု ဘိက္ခဝေ တထာဂတော ဓမ္မဂါရဝေါ။”
ရဟန်းတို့ ငါဘုရားဟာ တရားဓမ္မကို လေးစားရိုသေတယ်၊ တရားမြတ်ကို ဂရုဂါရ၀ ပြုတယ်လို့ ကိုယ်တော်တိုင် မိန့်ဆိုထားတယ်၊ အဲဒါကြောင့် ဘုရားရှင်တို့ရဲ့ ရိုသေလေးစားစရာဟာ တရားတော်မြတ်လို့ သိမှတ်ရမည် ဒကာကြီးတို့။
ဒကာ။ ။ သည်လို အမှန်တရားသိရတာ ကျေးဇူးတင်လှပါတယ် ဆရာတော်။
No comments:
Post a Comment