Sunday, June 20, 2010

သာသနာပ လောကထဲမှာ ရဟန္တာတွေ အမြဲရှိနေသလား

သာသနာပ လောကထဲမှာ ရဟန္တာတွေ အမြဲရှိနေသလား
ဒကာ။ ။ လောကထဲမှာ ရဟန္တာတွေ အမြဲရှိနေတယ်၊ ဘယ်သောအခါမှ မဆိတ်သုဉ်း ဘူးဆိုတာ ကျမ်းစာထဲမှာ ပါပါသလား ဆရာတော်၊ ဘုရားမပွင့်တဲ့ သုညကမ္ဘာလောကထဲမှာ ရဟန္တာများ ရှိကောင်းလို့လား၊ ရှင်းပြပေးပါဆရာတော်။

ဆရာ။ ။ ဒါကတော့ မှန်ကန်တဲ့ သစ္စာ ၄ ပါးတရားကို ကျင့်သုံးပွားများ အားထုတ် သိမြင်နေလို့ရှိရင် ရဟန္တာတွေဟာ အမြဲရှိနေမှာပဲ။
ရဟန္တာဆိုတာ ဘုရားသခင်ရော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေရော အရဟတ္တမဂ်ဖိုလ်ရတဲ့ ပုဂ္ဂိုလ်တွေရော ရဟန္တာတွေချည်းသာလို့ မှတ်ရမယ်၊ သည်ကိစ္စနဲ့ စပ်ပြီး ဘုရားမြတ် ဟောကြားပုံက…..
ဣမေစေ သုဘဒ္ဒ ဘိက္ခူ သမ္မာ ၀ိဟရေယျုံ။
အသုညော လောကေ အရဟန္တေ ပိ အဿ။
ချစ်သား သုဘဒ္ဒ၊ ရဟန်းတွေဟာ သစ္စာတရားကို အမှန်အတိုင်း ပွားများအားထုတ် သိမြင်နေကြရင် လောကထဲမှာ ရဟန္တာတွေ မဆိတ်သုဉ်းဘဲ အမြဲရှိနေကုန်ရာ၏တဲ့၊ အဲဒါပဲ။ ဘုရားမပွင့် တဲ့ သာသနာပလောကမှာ ပစ္စေကဗုဒ္ဓါအရှင်မြတ်တွေ ရှိနေတော်မူကြတယ်၊ သူတို့တစ်တွေဟာလည်း ရဟန္တာမျိုးတွေပဲ၊ ကဲ.. သဘောကျပြီလား။
ဒကာ။ ။ သဘောကျ ကျေနပ်လှပါတယ် ဆရာတော်။

No comments:

Post a Comment