Sunday, June 20, 2010

ပညာနှင့်ဉာဏ် ထူးသလော

ပညာနှင့်ဉာဏ် ထူးသလော
ဒကာ။ ။ ဉာဏ်နှင့် ပညာ၊ သို့မဟုတ် ပညာနှင့် ဉာဏ်ဟာ ထူးထွေခြားနားမှုများ ရှိပါ သလား၊ အတူတူပဲလား
ဆရာတော်၊ ကျမ်းစာများမှာ ဘယ်လိုဆိုပါသလဲ သိပါရစေ။
ဆရာ။ ။ ဒီအမေးပဥှာဟာ မကြာမကြာ လာတာကိုး၊ ကဲ… မှတ်ပါ၊ ဉာဏ်နှင့် ပညာကို ၀ိပဿနာ လုပ်ရပ်နဲ့စပ်ပြီး ပဋိသမ္ဘိဒါမဂ် ပါဠိတော် စာမျက်နှာ ၅၅ မှာ ဆိုပုံက..
၁။ ပစ္စုပ္ပန္နာနံ ဓမ္မနံ ၀ိပရိဏာမာနုပဿနေ ပညာ။
၂။ ဥဒယဗ္ဗယာနုပဿနေ ဉာဏံ။

၁။ ပစ္စုပ္ပန် ရုပ်နာမ်တို့၏ ဖောက်ပြန်ပြောင်းလဲမှုသဘောကို ရှုမြင်သိမှုကို ပညာ။
၂။ ပစ္စုပ္ပန် ရုပ်နာမ်တို့၏ ဖြစ်ပျက်မှုကို ကြည့်ရှု သိမြင်မှုသဘောကို ဉာဏ်ဟု ဖော်ပြ မိန့်ဆိုထားတယ်။
နောက်တစ်ချက်က အဲဒီ ပဋိသမ္ဘိဒါမဂ် ပါဠိတော် စာမျက်နှာ ၂၅၉ မှာပဲ ဖွင့်ပြပြန်တာ ကတော့-
ယာစ ဘယတုပဋ္ဌာနေ ပညာ။
ယဉ္စ အာဒိနဝေ ဉာဏံ၊ ယာစ နိဗ္ဗိဒါ
ဣမေဓမ္မာ ဧကတ္တာ နာနာဗျဉ္စနမေ၀။
ရုပ်နာမ်ဓမ္မကို ဘေးအဖြစ်နဲ့ မြင်သိတဲ့ပညာရယ်၊ ယင်းတို့ကိုပင် အပြစ်အနာအဆာတွေ ငြီးငွေ့စရာဟု သိတဲ့ဉာဏ်ရယ်၊ အဲဒီသဘောတရားတွေဟာ တူသောအနက်သဘော ရှိတာချည်းပါပဲ၊ ဉာဏ်တို့ ပညာတို့ ဘယတို့ အာဒိန၀တို့ နိဗ္ဗိဒတို့ ဆိုတဲ့ အခေါ်အဝေါ်တွေ လောက်သာ ထူးနေတာပါလို့ ဖွင့်ပြထားတယ် ဒကာကြီးတို့ရ။
ဒကာ။ ။ ကျေနပ်လှပါတယ် ဆရာတော်၊ အခေါ်လွဲပြီး သဘောက အတူတူဆိုတာ သိပါပြီ။

No comments:

Post a Comment