Sunday, June 20, 2010

လက္ခဏာရေး သုံးပါးစလုံးကို ရှုပွားရမှာလား

လက္ခဏာရေး သုံးပါးစလုံးကို ရှုပွားရမှာလား
ဒကာ။ ။ သာသနာတော်မှာ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးပါးပိုင်းခြားရှုမှတ် ပွားများနိုင်ဖို့ဟာ အရေးအကြီးဆုံးအလုပ်ပဲဟု ဟောကြားကြပါတယ်၊ သုံးပါးစလုံးကိုပဲ လိုက် မှတ်ပွားများနေရမှာလား၊ တစ်ပါးတည်းကိုပဲ မိအောင်မြင်အောင် ရှုမှတ်နေရမှာလား၊ ကျမ်းစာ ကဘယ်လို မှာဆိုပါသလဲ ဆရာတော်။

ဆရာ။ ။ အင်း… အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ မှတ်ပွားစရာ တရား သုံးပါးကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ပါးစပ်ဖျားမှာ ပြောဆိုနေကြတာပဲ၊ ဒါပေမယ့် တကယ်ဉာဏ်မြင် ဒိဋ္ဌိစင်အောင်တော့ လုပ်တဲ့သူက နည်းလှပါတယ်၊ ဒီအလုပ်နဲ့စပ်ပြီး အင်္ဂုတ္တရ အဋ္ဌကထာ တတိယတွဲ ၂၅၈ မှာ -
အနိစ္စ လက္ခဏေ ဒိဋ္ဌေ အနတ္တလက္ခဏံ
ဒိဋ္ဌမေ၀ ဟောတိ။
ဧတေသု တီသု လက္ခဏေသု ဧကသ္မိံ ဒိဋ္ဌေ
ဣတရဒွယံ ဒိဋ္ဌမေ၀ ဟောတိ။
အနိစ္စလက္ခဏာတစ်ပါးကို မိအောင် ထိအောင် မြင်အောင် မှတ်ရှုပွားများပါ၊ ယင်းကို မြင်ရင် ဒုက္ခနဲ့ အနတ္တကိုလည်း ထင်မြင်လာတော့တာပဲတဲ့၊ ယင်းသုံးပါးစလုံးကို မှတ်နေစရာ မလိုပါဘူးတဲ့ ဆိုလိုရင်းက…
တစ်ပါးကို ကျ ကြ ဏ န မြင်ရင် ကျန်နှစ်ပါးဟာလည်း ဉာဏ်ထဲမှာ ထင်မြင်လာမှာ ဖြစ် ပါတယ်တဲ့။
ကဲ….ရှင်းရဲ့လား ဒကာကြီးတို့၊ အဲဒါဟာ ကျမ်းစာက ဆိုတဲ့စကားတော်ပဲ။
ဒကာ။ ။ ရှင်းပါတယ် ဆရာတော်၊ ကျေနပ်လှပါတယ် ဘုရား။

No comments:

Post a Comment